Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တင်ပို့ရောင်းချသည့်စားအုန်းဆီများ‌ ရောက်ရှိ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်‌နေ့၊ နေ့လယ် (၁၅:၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊   ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ယာဉ်မောင်း ဦးမျိုးမင်းဇော် ၊  ယာဉ်အမှတ်  5B /47802 ၊ Nissan DieseI မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ၁ပေပါလျှင် ပိဿာ (၁၁၀)  ပါသည့် စားအုန်းဆီ ၉၃ပေပါ သည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားအုန်းဆီ ၉၃ ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် (၁၄) ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)