Main menu

“ ကော့မှူးမြို့နယ်၌ ပလတ်စတစ် သုံစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း ကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ် စားသုံးသူပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှာ့ချရေး အသိပညာပေးခြင်းကို မတ်လ (၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းပြီး ကော့မှူးမြို့ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကိုတွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်နှင့် ပလတ်စတစ်အစားထိုးများဖြစ်သည့် ငှက်ပျောဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန် စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးတို့အတွက် သန့်ရှင်း လတ်ဆတ်သော အသား၊ ငါး၊ အသီးအရွက်နှင့် စားသောက်ကုန်ပစ္စည်းများကို စနစ်တကျ ရောင်းချသွားကြရန် ဈေးရောင်းပြီးအချိန်၌ ဈေးဆိုင်ခန်းများအား စနစ်တကျ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ကြရန်တို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်း၊ ဈေးဝယ် စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)