Main menu

“ သန်လျင်မြို့နယ်၌ ကင်းထောက် လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း ”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ သန်လျင်မြို့နယ်၌ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို သန်လျင်မြို့နယ်၊ အ.ထ.က(၁) ကျောင်းရှိ ရတနာရှင်းသန့်ခန်းမ၌ မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အခမ်းအနားဖွင့်ပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေး မှူး၊ သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေး မှူးက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အ.ထ.က(၁) ကျောင်းမှ ကျောင်းသား/သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ အ.ထ.က(၄) ကျောင်းမှ ကျောင်းသား/သူများကလည်း ကင်းထောက်ဆိုင်ရာ တေးသီချင်းများဖြင့် ဖျော်ဖြေ ခဲ့ကြကြောင်း သိရှိရပါသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆုငွေများချီးမြှင့်ခဲ့ပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)