Main menu

တောင်ငူခရိုင် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

Powered by Drupal

      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်သွယ်မှုလမ်းကြောင်း၌ E-Lock စနစ်တွင် လုပ်ငန်းဆောင်ရွက်နိုင်မည့် ကုန်တင်ယာဉ်အားလုံးမှတ်ပုံတင်ပြီး သတ်မှတ်အသင်းဝင်ဖြစ်လာစေရေး တွန်းအားပေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ဦးဆောင်ဖွဲ့စည်းပေးလျက်ရှိပါသည်။

     ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ၂၀၁၄ခုနှစ်ကတည်းက ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ရာ တိုင်းဒေသကြီးအသင်းသည် ပြည်ခရိုင်အသင်းနှင့် သာယာတီခရိုင်အသင်းအား အသင်း၏ရည်ရွယ်ချက်များနှင့်အညီ တရားဝင်ဖွဲ့စည်းပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းလုပ်ဆောင်ရန် ခွင့်ပြုပြီးဖြစ်ကြောင်းသိရ ပါသည်။

    တောင်ငူခရိုင် အဝေးပြေးကုန်စည်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို မတ်လ ၂၈ရက်နေ့၊ မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးသန့်ဇင်တက်ရောက်၍ အသင်းဖွဲ့စည်းရခြင်းအကြောင်းကို ရှင်းလင်း တင်ပြခဲ့ပြီး ဦးကျော်လှက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အလုပ်အမှုဆောင်အဖွဲ့(၁၇)ဦးပါဝင်သော တောင်ငူခရိုင်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကိုဖွဲ့စည်းခဲ့ပါသည်။

DOCA(ပဲခူး)