Main menu

တောင်ငူမြို့တွင် မုန့်ဖတ်ခြောက်များထုပ်ပိုးမှုစနစ်နှင့် အရည်အသွေးမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

     ဆန်အခြေခံမှထုတ်လုပ်သည့် မုန့်ဖတ်ခြောက်များထုပ်ပိုးမှုစနစ်နှင့် အရည်အသွေးမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ ၂၅ရက်နေ့တွင် တောင်ငူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးတက် ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နွေဦးဆွေတို့က သက်ဆိုင်ရာဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     ဆက်လက်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြသည့်အပေါ် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးမှူးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)