Main menu

“ ကွမ်းခြံကုန်းမြို့နယ်၌ ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက် များတွင် ရောင်းချလျှက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား မတ်လ (၂၈)ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာရေးမြို့မဈေး အတွင်း/အပြင်နှင့် ဗိုလ်ချုပ်လမ်း၊ ကံကြီးပိုင်ရပ်ကွက် အမှတ်(၄၆၂)ရှိ ဦးစံရွှေ-ဒေါ်တင်အိဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း၊ ဈေးပိုင်ရပ်ကွက် အမှတ်(၅)ရှိ အေးမေတ္တာဆေးဆိုင်၊ မကျီကန်ရပ်ကွက် အမှတ်(၄၇၄)ရှိ ထွန်းဝေ ဆေးဆိုင်များမှ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းရှင်းများ အနေဖြင့် corona virus disease (covid-19) ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားပြီးဖြစ်ကြောင်း corona virus disease (covid-19) ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါအရေးကြီးကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများအား မိမိတို့၏ဆေးဆိုင်များတွင် စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်အညီ ပြစ်မှုကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)