Main menu

တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာသို့ အသိပညာပေးဟောပြောခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာရှိ    စားသုံးသူပြည်သူများသို့ အသိပညာဗဟုသုတတိုးတက်နားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ ဟောပြောဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်က အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့်စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း တိုင်ကြားမှုများအပေါ် ဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်များကိုလည်း ပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)