Main menu

တိုက်ကြီးမြို့နယ်ရှိ ရတနာ “Apex”စက်သုံးဆီဆိုင် ဆီရောင်းချနေမှု

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် အိုးတန်းရပ်ကွက်၊ ပြည်လမ်းရှိ ရတနာ “Apex”စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီရောင်းချနေမှုအခြေအနေကို ကွင်းဆင်းခဲ့ပါသည်။

       ထိုသို့ ဆောင်ရွက်လျက်ရှိရာ (၂.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  “Apex” စက်သုံးဆီဆိုင်တွင် ဆီရောင်းချရာတွင် ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ၊ ပန့်ဖြင့်ရောင်းချရာတွင် လီတာ ပြည့်ဝရောင်းချမှု၊ ပြေစာဖြတ်ပိုင်းများအား စစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။ စက်သုံးဆီအမျိုးအစားအလိုက် စနစ်တကျရောင်းချနေမှု၊ အများပြည်သူများ အဆင်ပြေစွာဝယ်ယူသုံးစွဲနေမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့်တကွ ပူးတွဲ၍ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)