Main menu

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စားသုံးဆီလက်လီရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဒုဦးစီးမှူး ဦးဆောင်အဖွဲ့သည် ၂.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)အချိန်မှစ၍ လှိုင်သာယာအနောက်ပိုင်း မြို့နယ်ရှိ စားသုံးဆီလက်လီရောင်းချနေသော ခွဲတမ်းရ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပထမဦးစွာ (၇)ရပ်ကွက်အတွင်းရှိ ဦးမောင်လှ(ကုန်စုံဆိုင်)၊ ဦးတင်ရွှေ(ဆန်/ဆီရောင်းဝယ်ရေး)၊ (၁၃)ရပ်ကွက်ရှိ ပင်လုံဈေးမှ ကုန်စုံ ဆိုင်များ (၂၀)ရပ်ကွက်၊ (၂၀)ဈေးရှိ ကုန်စုံဆိုင်များတွင် ခွဲတမ်းရ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂% အမြတ်တင်ရောင်းချပြီး စားသုံးသူပြည်သူတစ်ဦးလျှင် ၅၀ ကျပ်သား နှုန်းဖြင့် ရောင်းချနေကြောင်း ရရှိသောဆီခွဲတမ်းများကိုလည်း တစ်နေ့စာ တစ်နေ့ကုန်အောင် ရောင်းပါကြောင်း၊ လက်ကျန်မထားရှိပဲ စားသုံးသူပြည်သူများလက်ဝယ်သို့ ရောက်အောင် ရောင်းပေးပါကြောင်း၊ သိရှိရပြီး မိမိတို့ဌာနမှလည်း ရရှိသော စားသုံးဆီခွဲတမ်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ လက်ကျန်များထားရှိခြင်းကို စစ်ဆေးတွေ့ရှိရလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)