Main menu

မှော်ဘီမြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် မြို့မဈေးအတွင်း စည်ပင်သာယာခန်းမတွင် (၂.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မှော်ဘီမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့် ဦးစီး၍ မှော်ဘီမြို့မဈေး အတွင်းရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်မျိုးစုံဆိုင်များသို့ သွားရောက်ပြီး စားသုံးသူပြည်သူများ စားသုံးမှုများသော စားသုံးဆီအမျိုးမျိုးတို့ကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော စားသုံးဆီများကို ဝယ်ယူရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဝယ်ယူရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)