Main menu

New Harmony လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်  ၂..၂၀၂၄ ရက်နေ့ ၊နေ့လယ် (၁၄:၀၀) နာရီတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတစက်မှုဇုန်၊ အမှတ်(၈)၊ ရန်နိုင်ဆွေ(၂)လမ်းရှိ New Harmony လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် လူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်း  အမျိုးအစားဖြစ်ပြီး၊ တစ်လလျှင် ဗွီနိုင်းအလိပ် (၃၀၀)လိပ် ထုပ်လုပ်နိုင်ကြောင်း၊ လုပ်သားဦးရေ (၅၃) ဦး ရှိကြောင်း၊ လုပ်ငန်း အခက်အခဲမရှိကြောင်း၊ လုပ်ငန်းရှင် ဦးစိုင်းစည်သူမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)