Main menu

Frozen Fish and Prawn လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်  ၂..၂၀၂၄ ရက်နေ့ ၊နေ့လယ် (၁၂:၃၀) နာရီတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတစက်မှုဇုန်၊ အမှတ်(၅၀/၅၁)၊ ရန်နိုင်ဆွေ(၂)လမ်းရှိ Frozen Fish and Prawn လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် စားသောက်ကုန်ထုတ်လုပ်ငန်းအမျိုးအစားဖြစ်ပြီး၊ တစ်လလျှင် တန် (၁၅၀) ထုတ်လုပ်နိုင်ကြောင်း၊ လုပ်သားဦးရေ (၁၆၅) ဦး ရှိကြောင်း၊ Import လိုင်စင်(၈) စောင် လျောက်ထားဆဲဖြစ်ကြောင်း၊ ကုန်ကြမ်းအခက်အခဲမရှိကြောင်း၊ လုပ်ငန်းရှင်ဦးလှဝင်းမှ ပြန်လည်ဖြေကြားခဲ့ပြီး။ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အတိုင်းလိုက်နာ ဆောင်ရွက် လုပ်ကိုင်စေလိုကြောင်း၊ ခရိုင်ဦးစီးမှူးမှ အသိပညာပေးခြင်းနှင့် လုပ်ငန်းခွင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)