Main menu

ဒေါ်နန်းအေးရီ၏ မုန့်ဖုတ်လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်း ကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီး မှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်  ၂..၂၀၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတစက်မှုဇုန်၊ အမှတ်(၁၄၉)၊ မြနန္ဒာလမ်းရှိ ဒေါ်နန်းအေးရီ၏  မုန့်ဖုတ်လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် စားသောက်ကုန်ထုတ်လုပ်ငန်း အမျိုးအစားဖြစ်ပြီး၊ တစ်လလျှင် ဂျုံ (500)အိတ် သုံးစွဲရကြောင်း၊ လုပ်သားဦးရေ (၁၂၀) ရှိကြောင်း၊ လုပ်ငန်းအခက်အခဲ မရှိကြောင်း၊ ပြည်တွင်းမှာသာ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင် ဒေါ်နန်းအေးရီမှ ပြန်လည် ဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ခရိုင်ဦးစီးမှူးမှ အသိပညာပေးခြင်းနှင့် လုပ်ငန်းခွင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)