Main menu

နီလာဒံပေါက်ချက်လုပ်ငန်းအားစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် "ပြည်တွင်း ကုန်သွယ်မှုကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာ၌ အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည်  (၁-၄-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်၌ ဗိုလ်တထောင်ခရိုင်၊ သာကေတစက်မှုဇုန်၊ အမှတ်(214/219/220) ၊ မြခွါညိုလမ်းရှိ နီလာဒံပေါက်ချက်လုပ်ငန်းသို့သွားရောက်စစ်ဆေးရာ ၎င်းမှာ စားသောက်ကုန်ထုတ်လုပ်ငန်းအမျိုးအစားဖြစ်ပြီး တစ်လလျှင် ဆန် (၁၀၀)အိတ်နှင့် ဆီပေပါ (၁၀)လုံးသုံးစွဲရကြောင်း၊ လုပ်သားဦးရေ (၂၄၅) ဦးရှိကြောင်း၊ ကုန်ပစ္စည်းများလျှောက်ရာတွင် အခက်အခဲရှိကြောင်း၊ ပြည်တွင်း၌သာ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ တစ်လလျှင် ဒံပေါက်ပွဲ (၁၂၀၀၀၀) ခန့်ရောင်းချရကြောင်းတို့ကို လုပ်ငန်းရှင် ဒေါ်နီလာစုက ပြန်လည်ဖြေကြားခဲ့ပြီး ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း အသိပညာပေးခြင်းနှင့် လုပ်ငန်းခွင်အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)