Main menu

သာကေတမြို့နယ်ရှိ ဒံပေါက်ချက်နှင့် အမှုန့်ကြိတ်လုပ်ငန်းအားစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် "ပြည်တွင်း ကုန်သွယ်မှုကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်" ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည်  (၁-၄-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်၌ ဗိုလ်တထောင် ခရိုင်၊ သာကေတစက်မှုဇုန်၊ အမှတ်(105/င/106)၊မြန်မာဂုဏ်ရည်လမ်းရှိ KSS ဒံပေါက်ချက်နှင့် အမှုန့်ကြိတ်လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် စားသောက်ကုန်ထုတ်လုပ်ငန်းအမျိုးအစားဖြစ်ပြီး တစ်လလျှင် ကုန်ကြမ်းဆန် (၅၀)အိတ်နှင့် ဆီ (၁၁၀)ပိဿာသုံးစွဲရကြောင်း၊ လုပ်သားဦးရေ (၆၀) ရှိကြောင်းနှင့် လုပ်ငန်းအခက်အခဲမရှိကြောင်း၊ ပြည်တွင်း၌သာ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်းတို့ကို လုပ်ငန်းရှင် ဦးထူးမြင့်က ပြန်လည်ဖြေကြားခဲ့ပြီးနောက် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း အသိပညာပေးခြင်းနှင့် စက်ရုံအတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)