Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (၁-၄-၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် သွားရောက်စစ်ဆေးရန်  အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၁၉)၊ မြေညီထပ်၊ အုန်းပင်လမ်းအောက်လမ်း၊ ညဈေးအနီးရှိ BKK Snacks Facebook Page တွင်ရောင်းချနေသော ဂျပန်နိုင်ငံထုတ် ကလေးထမင်းစားရာ၌ ထည့်သွင်းစားသောက်သော  အရသာမှုန့်များအနက် တင်သွင်းခွင့် (IR) မပါရှိသော ဂျပန်နိုင်ငံထုတ် အရသာမှုန့်(၁၆) ထုပ်တွေ့ရှိခဲ့သဖြင့် နောက်နောင် ရောင်းချခြင်းမရှိရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပါသည်။ ထို့နောက် စားသောက်ကုန်ပစ္စည်းများရောင်းချရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေတွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)