Main menu

စလင်းမြို့မစည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များအား အသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထွက်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၂၃-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စလင်းမြို့မစည်ပင်သာယာဈေးအတွင်း/အပြင်၌ရောင်းချနေသော ကုန်စုံဆိုင်(၁၀)ဆိုင်မှ လုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့အသိပညာပေးဆွေးနွေးရာ မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ရောင်းချဖြန့်ဖြူးနေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စီးပွားရေးကျင့်ဝတ်များနှင့်အညီရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း၁၈၊ ပုဒ်မ(၄၁) ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဋ္ဌာန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထုတ်လုပ်ဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်နှင့်အညီ ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် တိုင်းရုံးသို့ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြားဌာနများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြေငြာစာအမှတ် (၂/၂၀၁၉) အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)