Main menu

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မတ်လတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် ဆီလုပ်ငန်းရှင်အသင်းအားလည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်ကောင်း၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနတွင်လည်ကောင်း၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ပြည်သူများအားလည်ကောင်း၊ စစ်ကိုင်းမြို့၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင်ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပြုလုပ်သော အင်္ဂလိပ်စာအခြေခံသင်တန်းတွင်လည်ကောင်း၊ ရွှေဘိုမြို့၊ မီးသတ်ဦးစီးဌာနတွင်ပြုလုပ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်းကောင်း၊ စားသုံးသူရေးရာကော်မတီအစည်းအ‌‌ဝေး(၁)ကြိမ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် Talk Show များအနေဖြင့် ကလေးခရိုင်၊ ကလေး၀မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးရေးဉီးစီးဌာနတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ မုံရွာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ချောင်းဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ဘုတလင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း စုစုပေါင်း(၁၅)ကြိမ်နှင့် ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်းကောင်း၊ အသိပညာပေးသင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၇)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ စုစုပေါင်း(၂၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကိုပြည့်စုံစွာပေးရန်၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)