Main menu

ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်တွေ့ဆုံ

Powered by Drupal

          ၂၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ် ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

         ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆန်စက်အသင်းဖွဲ့စည်းထားရှိမှု အခြေအနေ၊ မွန်ပြည်နယ်အတွင်းရှိ ဆန်စက်များအခြေအနေ၊ စပါးကုန်ကြမ်းဝယ်ယူ စုဆောင်းမှုအခြေအနေ၊ ကြိတ်ခွဲမှု၊ ပြည်တွင်း၌ ဖြန့်ဖြူးမှု၊ ပြည်ပတင်ပို့မှုအခြေအနေများကို ဆွေးနွေးခဲ့ရာ ဆန်စက်အသင်းဥက္ကဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက MyRO တွင် မှတ်ပုံတင်သည့်ကိစ္စများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတို့တွင် Pilot Project အနေဖြင့် ဆောင်ရွက်လျှက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရှိပါက တင်ပြနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)