(၂၆-၃-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ဟင်းမွှေးမဆလာထုတ်လုပ်သော လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြဋ္ဌာန်းချက်ကို တိကျစွာလိုက်နာရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်ကို လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူနိုင်ကြောင်းဆွေးနွေးခဲ့သည်။
ထို့ပြင် မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်လျှောက်ထားလာမှုများကိုလည်း အချိန်နှင့်တပြေးညီ လွယ်ကူမြန်ဆန်စွာဆောင်ရွက်ပေးလျက်ရှိကြောင်းဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)