စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်အတွင် စံမမှီဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် EJectlo - 5 Tablet ၊ Ceftazidox Power for Injection အမျိုးအမည်ဖြင့် ရောင်းချနေသော စံမမှီဆေးဝါးများရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အဆိုပါ စံမမှီဆေးဝါး (၃) မျိုးအား ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)