Main menu

မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၅-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)နှင့်ဝန်ထမ်းများသည် ဂွတ်ရှယ်ယိုစုံလုပ်ငန်းရှင်နှင့် လက်ဆောင်မွန်အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းရှင်အားခေါ်ယူ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      မင်းဘူးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊  အခန်း (၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်အမျိုးအစားပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းရမည့်အချက်များ၊ ပုဒ်မ(၄၁) အပိုဒ်ခွဲ(ခ)နှင့် (ဆ)တို့တွင် ပါဝင်ရမည့်အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ကုန်စည်အမျိုးအစား(၈)မျိုးတွင် ထည့်သွင်းဖော်ပြရမည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)