Main menu

ကျွန်းလှမြို့ရှိ “မြင့်မိုရ်ထွန်း” သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် သော်ကလမ်းရှိ “မြင့်မိုရ်ထွန်း”သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ကုန်ကြမ်းပစ္စည်းပြတ်လတ်မှုရှိ/မရှိ၊ အလုပ်သမားအရေအတွက်နှင့် အလုပ်သမားအခက်အခဲရှိ/မရှိ၊ အခြားအခက်အခဲများရှိ/မရှိ၊  သောက်ရေသန့်စက်ရုံ၏ ရင်းနှီးမြုပ်နှံမှုတန်ဖိုးများ၊ တစ်ရက်ထုတ်လုပ်မှုပမာဏ၊ တစ်နှစ်ထုတ်လုပ်မှုပမာဏများနှင့် စက်ရုံတာဝန်ခံ၊ စက်ရုံ၏နေရပ်လိပ်စာနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် “မြင့်မိုရ်ထွန်း” သောက်ရေသန့်စက်ရုံအနေဖြင့်  သောက်ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် သောက်ရေသန့်ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များကို ပြည့်စုံမှန်ကန်စွာထည့်သွင်း ဖော်ပြရန်နှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)