Main menu

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတွင် “အခြေခံ ပန်းချီ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မတ်လ ၁၂ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၌ကျင်းပပြုလုပ်သည့် “အခြေခံ ပန်းချီ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း” ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသူစုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံက သင်တန်းသူများ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများကိုပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်  ဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသည့် သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)