Main menu

ရွှေဘိုခရိုင်၏ (၃/၂၀၂၄)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့မှုများ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

     (၄-၃-၂၀၂၄) ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနတွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌ သင်တန်းသား/ သင်တန်းသူ (၃၈)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် ဌာနသို့တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် (၃၈) စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)