Main menu

ရွှေဘိုခရိုင် (၃/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၅)  ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဆောင်ရွက်မှုများအနေဖြင့် (၁၁-၃-၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ “KT” မွေးမြူရေးအစာ စက်ရုံလုပ်ငန်းရှင်၊ “ဒေါ်အိမ်”  ဆေးနှင့်လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့် အမှတ်(၁)၊ ပြင်ဈေးရှိ “ပြည့်လျှံ” (ဆေးမျိုးစုံ) ရောင်းဝယ်ရေးလုပ်ငန်းရှင်တို့ကိုလည်းကောင်း၊ (၁၉-၃-၂၀၂၄)ရက်နေ့တွင် နာဆာ (ဆေးမျိုးစုံ) ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ရွှေပလောင် (ဆေးရုံ)နှင့် (ဆေးဆိုင်) လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)