Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ လုပ်ငန်းရှင်တွေ့ဆုံအသိပညာဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၁၈)ရက်၊  နံနက် (၁၁:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာရှိ  မြရတနာ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍လည်းကောင်း၊ မတ်လ (၁၉)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်ရှိ  စိန်သမာဓိ ဆန်စက်၊ အောင်ရတနာဆန်စက်၊ ဓနသိဒ္ဓိ ဆန်စက်နှင့် မျိုးဂုဏ်ညွှန့် ဆန်စက်ပိုင်ရှင်များနှင့်တွေ့ဆုံ၍လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံအသိပညာပေးခဲ့ပါသည်။

   ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံက ဆန်စက်လည်ပတ်မှု၊ ဆန်/စပါးသိုလှောင်ထားရှိမှု၊ ကြိတ်ခွဲနိုင်မှုအခြေအနေများနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား တွေ့ဆုံမေးမြန်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)