Main menu

မုဒုံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၃.၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ရောင်းချနေသော ဆေးဆိုင် (၇) ဆိုင်အား လက်ရှိရောင်းချနေသော ဆေးဝါးအချို့၏ ဈေးနှုန်းနှင့် ဆေးဝါးများ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာ မုဒုံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)