Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားအုန်းဆီဖြန့်ဖြူးရေး စီမံခန့်ခွဲမှု Software Onboarding ပြုလုပ်ခြင်း အခမ်းအနားကျင်းပ

Powered by Drupal

       စားအုန်းဆီဖြန့်ဖြူးရေးစီမံခန့်ခွဲမှု Software Onboarding ပြုလုပ်ခြင်း အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ပဥ္စမထပ်ရှိ အစည်းအဝေးခန်းမ တွင် ၂၀.၃.၂၀၂၄ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီထုတ်ကိုယ်စားလှယ်များ၊ ဆီတင်သွင်းသည့် ကုမ္ပဏီများမှ စုစုပေါင်း ၁၃၆ ဦးတက်ရောက်ခဲ့ပါ သည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဦးကျော်ကျော်လွင်က စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအဖွဲ့၏ အသစ်ပြန်လည်ဖွဲ့စည်းမှုအခြေအနေ၊ Software စနစ်လုပ်ဆောင်ရသည့်ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဌ ဦးဌေးမိုးက ဆွေးနွေးပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး Software ဖန်တီးပေးသည့် Capital Connect Company Limited. မှ တာဝန်ရှိသူတစ်ဦးက စားသုံးဆီဖြန့်ဖြူးရေး စီမံခန့်ခွဲမှု Software စနစ်နှင့်ပတ်သက်၍ Onboarding ပြုလုပ်ခြင်းအား ရှင်းလင်းပြသပေးခဲ့ပါသည်။ ထို့နောက်အခမ်းအနားတက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)