Main menu

“ ခရမ်းမြို့နယ်၌ ဘိလပ်မြေဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၌ ဘိလပ်မြေအမျိုးအစားများ ဝယ်ယူသုံးစွဲရာတွင် ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ရည်ရွယ်၍ ကုန်အမာဆိုင်ကြီးများသို့ မတ်လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လုပ်ငန်းရှင် ဆိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ခရမ်းမြို့နယ်အတွင်းရှိ ကုန်မာဆိုင်များဖြစ်ကြသော ဦးအောင်ဘာလေ အမှတ်(၆၆)၊ မင်းလမ်း(၂)ရပ်ကွက်၊ ရွှေခြင်္သေ့ အမှတ်(၁၈)၊ ကမ်းနားလမ်း(၂)ရပ်ကွက်၊  အောင်သုခ အမှတ်(၃၉၇)၊ မြေနီလမ်းကွေ့(၃)ရပ်ကွက်၊ ကုန်အမာဆိုင်သရဖူ အမှတ်(၄၄၄)၊ ဘုရားလမ်း (၂)ရပ်ကွက်၊ ကုန်အမာဆိုင်တို့တွင် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဘိလပ်မြေအမျိုးအစား များဖြစ်သော Alpha၊ ကြံ့နှစ်ကောင်၊ (ဖားအံ)မြိုင်ကလေးထုတ် နာရီအမှတ်တံဆိပ်စသည့် ဘိလပ်မြေများ ဈေးကွက်အတွင်းရောင်းချနေခြင်း ရှိ/မရှိ မေးမြန်းစုံစမ်းခဲ့ရာတွင် ခရမ်းမြို့နယ်အနေဖြင့် Alphaဘိလပ်မြေ၊  Yojinဘိလပ်မြေ၊ AAA တံဆိပ်ဘိလပ်မြေကိုသာ လှိုင်လှိုင်သုံးစွဲကြသဖြင့် မိမိတို့၏ဆိုင်တွင် ၎င်းဘိလပ်မြေအမျိုးအစားများကို ဝယ်ယူဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း အခြားဘိလပ်မြေအမျိုးအစားများအား ခရမ်းဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်းများမရှိသဖြင့် ယခုချိန်တွင် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိကြောင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက ခရမ်းမြို့နယ်သည် အကြီးစားစက်မှု၊ လက်မှုလုပ်ငန်းအကောင်အထည် ဖော်တည်ဆောက်နေသော စက်ရုံ၊ အလုပ်ရုံများလည်းမရှိပါသဖြင့် မိမိတို့မြို့နယ်အနေဖြင့် ဘိလပ်မြေများ လုံလောက်မှုရှိပါကြောင်း ဘိလပ်မြေများအား မိမိတို့ဆိုင်တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင် သိုလှောင်ထား ခြင်းမျိုးမပြုလုပ်ကြရန်နှင့် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဘိလပ်မြေ လက်ကျန်များအား စစ်ဆေးရေတွက်ခဲ့ပြီး ဈေးကွက်အတွင်း အသိပညာပေး ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)