Main menu

“ကော့မှူးမြို့နယ်၊ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်း၊ ဆက်စပ်ပစ္စည်းဈေးနှုန်းများအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း၊ ဆက်စပ်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် အဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များ၌ ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးများအား ၂၀၂၄ခုနှစ်၊ မတ်လ(၂၁)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ဗိုလ်ချုပ်လမ်းမကြီး၊ မြို့မရပ်ကွက်၊ မကျီးကန်ရပ်ကွက်များရှိ ဆေးနှင့်စတိုးဆိုင်၊ ဆေးဆိုင်များမှ ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကုသရာတွင်အသုံးပြုသည့် ဆက်စပ်ဆေးပစ္စည်းများနှင့် အခြားဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချရာ၌ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်မပါရှိသော တရားမဝင်ဆေးဝါးများ၊ သက်တမ်းကုန်ဆုံးသောဆေးဝါးများကို မိမိတို့၏ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာဖော်ပြထားသော ဆေးဝါးများကိုသာရောင်းချကြရန်နှင့် စားသုံးသူပြည်သူများအတွက် အဓိကကျသော ကိုဗစ်-၁၉ ဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှုများမဖြစ်စေရန် အသိပညာပေးဟောကြားခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်း၊ ဆက်စပ်ပစ္စည်းဈေးနှုန်းအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)