Main menu

“တွံတေးမြို့နယ်၊ ကမာတကောကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်၊ ကမာတကောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/သားများအား ကျေးရွာစာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ဟောပြောဆွေနွေးရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများဆုံးရှုံးမှုမရှိစေရန်အတွက် ၂၀၁၉ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉/၂၀၁၉)၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၎င်းစားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များဖြစ်သော ကုန်စည်၏အမျိုးမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူအများပြည်သူတို့အား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအများပြည်သူတို့အား အမှန်တကယ်နစ်နာဆုံးရှုံးမှုများ ရှိလာပါက စားသုံးသူသတင်းအချက်အလက်နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားကြောင်း အသိပညာပေးရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)