Main menu

ဒေးဒရဲမြို့နယ် ပြန်/ဆက် ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

    ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ပြန်/ဆက် ဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ (၁၉ )ဖြင့် ဖော်ပြထားသည့် စားသုံးသူအခွင့်အရေးများကို အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အခြေအနေများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)