Main menu

ကျိုက်လတ်မြို့နယ် တာဝန်ခံရုံးတွင် ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ကုန်မျိုးစုံ လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု ၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ သက်ဆိုင်ရာကုန်စည် သတင်းအချက်အလက်များ၊ တံဆိပ် အမှတ်အသားပေါ်တွင် ဖော်ပြထားသော အခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အရည်အသွေး အဆင့်အတန်းစသည်တို့ ပါဝင်ရန်လိုအပ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)