Main menu

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင်စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောခြင်း

Powered by Drupal

     ၂၀၂၄ခုနှစ် ၊ မတ်လ ၂၃ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနနှင့် တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့နှင့်ပူး‌ပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအ ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအား တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်း ဟောပြောဆွေးနွေးခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဘေးအန္တရာယ်ကင်းသောစားသောက်မှုများအကြောင်း ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ကျောင်းအုပ်ဆရာမကြီးနှင့် စက်ချုပ်သင်တန်းသူများ၊ ဆရာမများနှင့်ဝန်ထမ်းများ အင်အား(၃၀)ဦး တက်ရောက် ခဲ့ပြီး နေ့လယ်(၁၂း၁၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)