Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ မတ်လ (တတိယပတ်)အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်အခြေအနေများမှာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ်(၉၀၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၂၂၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၃၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၆၀)ကိုလည်းကောင်း နှမ်းသီးနှံဈေးနှုန်းများမှာ ပြောင်းလဲခြင်းမရှိဘဲ ခပ်ပါးပါးမျှသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထို့ပြင် ကုလားပဲ (HL) (၁) တင်းလျှင် ကျပ်(၈၃၀၀၀-၈၉၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၅၅၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၈၇၀၀၀-၉၃၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၃၀၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀-၉၄၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၉၀)အိတ်ကိုလည်းကောင်း၊ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၁၆၀၀၀-၁၂၂၆၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၄၀၀) အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁) တင်းလျှင် ကျပ်(၆၄၀၀၀-၆၆၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၈၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁) တင်းလျှင် ကျပ်(၈၈၀၀၀-၁၀၀၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၇၀)အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆန် (ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၅၅၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၅၀၀)အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆန်(နီ) (၁)ပိဿာလျှင် ကျပ်(၇၂၀၀-၈၂၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ် (၂၅၀)အိတ်ကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၂၀၀)ဈေးနှုန်းဖြင့် ပိဿာ(၁၀၀၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။

     ပဲမျိုးစုံသီးနှံဈေးနှုန်းကို မတ်လ(ဒုတိပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဈေးနှုန်းအနည်းငယ်လျော့ကျလျက်ရှိပြီး အရောင်းအဝယ်မှာ ခပ်ပါးပါးမျှသာရှိပါသည်။ ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ်ထွက်ရှိလျက်ရှိသော်လည်း တောင်သူများမှ, အတက်ဈေးနှုန်းကိုစောင့်ကြည့်နေခြင်းဖြစ်၍ အရောင်းအဝယ်နည်းပါးနေသေးကြောင်းနှင့် ဈေးနှုန်းအခြေအနေများကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါ သည်။

DOCA(မကွေး)