Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ပုသိမ်မြို့ ဝဲဒေါင့်ရပ် Millco ကုမ္ပဏီပိုင် ပေါင်းဆန်စက်ရုံ သွားရောက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးဇေယျာဆွေနှင့် ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်တို့သည် မတ်လ ၂၁ ရက်‌နေ့ ပုသိမ်မြို့ ဝဲဒေါင့်ရပ်ရှိ Millco ကုမ္ပဏီပိုင် ပေါင်းဆန်စက်သို့ သွားရောက်ခဲ့ပါသည်၊၊

    ထိုသိုသွားရောက်၍ Millco ကုမ္ပဏီမန်နေဂျာ ဦးဇော်မင်းနောင်နှင့် တွေ့ဆုံပြီး ပေါင်းဆန်ကြိတ်ခွဲရာတွင်လိုအပ်သော စပါးဝယ်ယူရရှိမှု စပါးဈေးနှုန်းဈေးကွက်အခြေအနေ ပေါင်းဆန်စက်ရုံအတွင်း စပါးအခြောက်ခံမှုစနစ်နှင့် ကြိတ်ခွဲမှုစနစ်များ ပေါင်းဆန်ကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေ ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုနှင့် ပြည်ပဈေးကွက်တင်ပို့မှု ပေါင်းဆန်ကြိတ်ခွဲရာတွင် စပါးအရည်အသွေးကောင်းမှသာ ပေါင်းဆန်အရည်အသွေးကောင်းမွန်မှာ ဖြစ်ကြောင်း ပေါင်းဆန်ကို ဥရောပနိုင်ငံများနှင့် ရုရှားနိုင်ငံများမှ ဝယ်ယူမှုရှိပြီး ပေါင်းဆန် ဈေးကွက်အခြေအနေတို့ကို သွားရောက်၍ ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)