Main menu

ဘားအံမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၂၁-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်၊ ကမ်းနားလမ်း၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်ကာ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကိုလည်း ကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို လည်းကောင်း၊  သင်တန်းသူများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Consumer Call Center No. (၁၅၃၅) သို့တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

       ဟောပြောပွဲတွင် သင်တန်းဆရာ/ ဆရာမ (၅) ဦး၊ သင်တန်းသူ (၂၅) ဦး၊ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ထို့နောက် ရက်ကန်းစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)