Main menu

ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂၀.၃.၂၀၂၄)ရက် နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး တို့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သို လှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။ ထိုသို့အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေအရအရေးယူခြင်းခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)