Main menu

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ (၁၉.၃.၂၀၂၄)ရက်နေ့တွင် ကန့်ဘလူမြို့”မြို့မဈေး”ရှိ စားသုံးဆီ အမျိုးမျိုးရောင်းချသည့် ဆိုင်များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး တို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ “မြို့မ”ဈေးရှိစားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအနေ ဖြင့် ဘူးသွင်းစားသုံးဆီများ ဝင်ရောက်မှုနည်းလာသောကြောင့် ခွက်ချင့်စားအုန်းဆီများနှင့် မြေပဲဆီများကိုသာ ရောင်းချနေရကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောဆီများ၊ တရားမဝင် တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး  အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)