Main menu

ကသာမြို့တွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဈေးကွက်အတွင်း ဘိလပ်မြေအိတ်များ ပစ္စည်းပြတ်လပ်လျက်ရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ပတ်သက်၍  သိရှိနိုင်ရန် ဘိလပ်မြေရောင်းချသည့် ဆိုင်ကြီးများသို့ ၂၀၂၄-ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကသာမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၅) ဆိုင်ရှိသည့်အနက် ဆိုင်ကြီးများဖြစ်သည့် ဆင်ရတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ကြယ်စင်ဟိန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်(၂)ဆိုင်သို့ ကွင်းဆင်းခဲ့ရာ ကသာမြို့သို့ ဘိလပ်မြေ ဝင်ရောက်မှုမှာ ဧရာဝတီမြစ်လမ်းကြောင်းနှင့် မန္တလေး၊ အင်းတော်၊ ကသာစသည့် ကုန်းလမ်းကြောင်း များမှ ဝင်ရောက်ကြောင်း၊ ယခုအခါတွင် ဧရာဝတီမြစ် ရေလမ်းကြောင်းမှာ သဲသောင်ထွန်းပြီး လမ်းကြပ်ခြင်း၊ ကုန်းလမ်းကြောင်းမှာလည်း နယ်မြေအခြေအနေအရ လမ်းကြောပိတ်ဆို့မှုများရှိသည့် အတွက် ကြန့်ကြာခြင်း၊ ဘိလပ်မြေကုမ္ပဏီများမှ ဖြန့်ဖြူးမှုနည်းပါးခြင်းများကြောင့် ကသာဈေးကွက် တွင် ဘိလပ်မြေများ ခေတ္တပြတ်လပ်မှုရှိနေကြောင်းနှင့် မကြာခင်ကာလတွင် ရေလမ်းကြောင်းမှ ဘိလပ်မြေများဝင်ရောက်မှာဖြစ်ကြောင်း ဆွေးနွေးသိရှိရပါသည်။ ကသာမြို့တွင် သုံးစွဲသူအကြိုက်ဖြစ်သည့် Crown အမှတ်တံဆိပ် ဘိလပ်မြေသည် အရောင်းအဝယ်ရှိပြီး လက်ရှိ ဘိလပ်မြေ(၁)အိတ်လျှင် (၁၇၀၀၀)ကျပ်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)