Main menu

ကသာမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ယခုအခါ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိနေသည့်အတွက်  ၂၀၂၄-ခုနှစ် မတ်လ(၁၈) ရက်နေ့တွင် ကသာမြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ ရှိ/မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကသာမြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များ၌ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချ သူဆိုင်ရှင်များအား မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည့် တရားမဝင်ဆေးဝါးများနှင့် ထောက်ခံချက်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ စသည်တို့ကို ရောင်းချခြင်းမပြုရန် မှာကြားခြင်းနှင့် တရားမဝင်ဆေးဝါးအမှတ်တံဆိပ်များအား ချပြ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)