Main menu

အုတ်ဖိုမြို့နယ်တွင် လုပ်ငန်းသုံးပစ္စည်းပြတ်လတ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

     ပြည်တွင်းထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများပြတ်လပ်မှုမရှိစေရေးတို့အတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအနေဖြင့်လည်း (၁၆-၃-၂၀၂၄) ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်လျက်ရှိသော စက်ရုံသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အေးမြသာယာမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ CMP အထည်ချုပ်စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ စက်ရုံတွင် လုပ်သားအင်အား (ကျား) ၁၄၈ဦး၊ (မ) ၁၁၄၄ဦး၊ စုစုပေါင်း(၁၂၉၂)ဦးဖြင့် နေ့စဉ်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊  ထုတ်လုပ်သည့်ပမာဏအနေဖြင့် တစ်လလျှင် အထည်ပေါင်း (၇၅၁၄၃) ထည်ခန့်ထုတ်လုပ်နိုင်ပြီး ပြည်ပနိုင်ငံများဖြစ်သော ဂျပန်၊ ဗီယက်နမ်၊ ဩစတီးယားနိုင်ငံများနှင့် ဘရာဇီးနိုင်ငံများသို့တင်ပို့ကြောင်း၊ စက်ရုံတွင် ကုန်ကြမ်းပြတ်လပ်မှုလုံးဝမရှိကြောင်း၊ လျှပ်စစ်မီးအခက်အခဲနှင့် လုပ်သားအင်အားရှားပါးမှုအခက်အခဲများရှိကြောင်း စက်ရုံ၏ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းပြောကြားချက်များအရသိရှိရပါသည်။

DOCA(ပဲခူး)