Main menu

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံး ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး ရည်ရွယ် ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့အနောက် မြို့ပတ်(၁)လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဒေါ်ချိုတူး၏ တက်တိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ အနောက်မြို့ပတ် (၂)လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဦးမင်းထက်လွင်၏ နန်းမြင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ အနောက်မြို့ပတ် (၂)လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဦးရဲကျော်မြင့်၏ အောင်ဖြိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ ဘုရင့်နောင်လမ်းမကြီး၊ ဂိတ်ကြီးဝန်းဆိုင်ခန်းရှိ ဦးအောရန်း၏ ဘရူနိုင်းအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဒေါ်ခင်သန်း၏ ဆီရောင်းဝယ်ရေးသို့လည်းကောင်း၊ ရွှေတောင်မြို့တွင် ရန်ကုန် - ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးလေးနိုင်၏ ဟင်္သာဆန်စက်သို့လည်းကောင်း၊ လမ်းမတော်လမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးမျိုးသိန်း၏ ဒေါ်ခင်မြင့်ဆီစက်သို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်လမ်းဆုံရှိ ဒေါ်ခင်မျိုးနိုင်၏ ထူးစက်သုံးဆီဆိုင်နှင့် ဦးထွန်းထွန်းစိုး၏ ဘုန်းသစ်နေစက်သုံးဆီဆိုင်များသို့လည်းကောင်း၊ ဥသျှစ်ပင်လမ်းမတော်ရှိ ဦးဝင်းထက်၏ ဘရဏီစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ် (၂)ရပ်ကွက်ရှိ ဦးဇင်ဦးဆီစက်သို့လည်းကောင်း၊ အမှတ် (၃)ရပ်ကွက်ရှိ ဒေါ်အေးသိရိရွှေ၏ ရွှေကမ္ဘာကုန်စုံဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကိုသိရှိရပါသည်။

DOCA(ပဲခူး)