Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် မြို့ပေါ်စတိုးဆိုင်များသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့မဈေးကုန်စုံဆိုင်များနှင့် စံပြရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် မြို့ပေါ်ကုန်စုံဆိုင်များ၊ ပန်းတောင်းဈေးနှင့် ထုံးဘိုဈေးများသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့မဈေးသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)