Main menu

ထားဝယ်ခရိုင်အတွင်း စားသောက်ကုန်လုပ်ငန်းများထုတ်လုပ်နေသည့် မုန့်တိုက်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် (၂၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ဖြူဖြူနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်နေသည့် သဟာရမုန့်တိုက်နှင့် ဆန်းသစ်မုန့်တိုက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကုန်ကြမ်းပစ္စည်းများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ထားဝယ်မြို့တွင် လျှပ်စစ်ရရှိပြီး လုပ်သားများရှိသော်လည်း ကုန်ကြမ်းများဖြစ်သော သကြား၊ ဂျုံစျေးနှုန်းတို့မှာ မြင့်တက်လျက်ရှိကာ စားသုံးဆီအနေဖြင့် ဌာနမှ ဆောင်ရွက်ပေးသော်လည်း ရန်ကုန်မှ ထားဝယ်အထိ ဆီသယ်ယူရန် လမ်းခရီးခက်ခဲမှုများရှိနေ၍ စရိတ်စကများလည်း များပြားလျက်ရှိကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(တနင်္သာရီ)