Main menu

မကွေးကုန်စည်ဒိုင် မတ်လ(တတိယပတ်) ပဲ၊ နှမ်းဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး မကွေးမြို့ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မကွေးကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ မကွေး၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိပြီး မတ်လ(တတိယ ပတ်)တွင်  နှမ်းနီ၊ ပဲလွန်းဝါ၊ ပဲစဉ်းငုံနီ၊ မတ်ပဲစျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

      မကွေးကုန်စည်ဒိုင်၌ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံနှင့်သီးနှံစျေးနှုန်းများမှာ နှမ်းနီ(နယ်စ)(၁)တင်းလျှင် ကျပ်(၁၁၄၀၀၀-၁၁၅၀၀၀)၊ မြေပဲလှိုင်းလုံး ဆံနီ(၁)ပိဿာလျှင် ကျပ်(၈၁၀၀-၈၂၀၀)၊ မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ မြေပဲဆံ (အောက်ကျ)(၁)ပိဿာလျှင် ကျပ်(၄၈၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင်ကျပ် (၆၇၀၀၀- ၆၉၀၀၀)၊ ပဲကြီးဖြူ (အလတ်)(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲကြီးဖြူ(အသေး) (၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး) (၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲကြီးမဲ(ချင်း) (၁)တင်းလျှင်ကျပ် (၇၇၀၀၀)၊ ပဲထောပတ်(၁) တင်းလျှင် ကျပ်(၁၁၀၀၀၀-၁၁၁၀၀၀)၊ ပဲစဉ်းငုံနီ(၁)တင်းလျှင်ကျပ် (၁၂၂၅၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ် (၉၄၅၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၉၈၀၀၀-၉၉၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် နှမ်းနီ(နယ်စ)(၁)တင်းလျှင် ကျပ်(၃၀၀၀)၊ ပဲလွန်းဝါ (၁)တင်းလျှင် ကျပ်(၁၀၀၀)၊ ပဲစဉ်းငုံနီ(၁)တင်းလျှင်ကျပ်(၅၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၅၀၀) စျေးနှုန်းမြင့်တက်ပြီး ကျန်ပဲများဖြစ်သော မြေပဲဆံ(အောက်ကျ)မှာ (၁)ပိဿာလျှင် ကျပ်(၃၀၀)၊ ပဲကြီးဖြူ(အလတ်) (၁)တင်းလျှင် ကျပ်(၅၀၀၀)၊ ပဲကြီးဖြူ(သေး)(၁)တင်းလျှင် ကျပ်(၃၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး)(၁)တင်းလျှင် ကျပ်(၃၀၀၀)၊ ပဲကြီးမဲ(ချင်း)(၁)တင်းလျှင်ကျပ်(၁၈၀၀၀)၊ ပဲထောပတ်(၁) တင်းလျှင် ကျပ်(၆၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်အခါသည် ပဲမျိုးစုံလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သောကြောင့် ပဲစျေးနှုန်းမှာ အပြောင်းအလဲများဖြစ်ပေါ်လျက်ရှိပါကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)