Main menu

ကြို့ပင်ကောက်မြို့ရှိ ဌေးကြွယ် မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်၍ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဈေးချိုမြောက်ရပ်ကွက်၊ ကသဲတန်းလမ်းရှိ ငွေကြွယ်မုန့်လုပ်ငန်းလုပ်ကိုင်ရာနေရာသို့ (၁၂-၃-၂၀၂၄)ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်စိတ်ချရမှု့ရှိစေရန်တို့အတွက် လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံကာ လုပ်ငန်းလုပ်ကိုင်မှုများကို ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

     လုပ်ငန်းရှင် ဦးသက်ထွန်းဦးအနေဖြင့် မုန့်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ (၁၀)နှစ်ခန့်ရှိနေပြီး ယခင်အချိန်က ပေါင်မုန့်လုပ်ငန်းကို သမားရိုးကျနည်းဖြင့်သာ တစ်နိုင်တစ်ပိုင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မုန့်လုပ်ငန်းတွင်အသုံးပြုသည့် မွှေစက်၊ ကြိတ်စက်၊ မုန့်ဖုတ်စက်၊ မုန့်လုပ်စက်၊ ယိုထိုးစက်၊ ရေနွေးငွေ့ပေးစက်၊ ပါကင်ပိတ်စက်များကိုအသုံးပြု၍ ထုတ်လုပ်ခဲ့ရာ လုပ်ငန်းတွင်ကျယ်နေကြောင်း၊ ထုတ်လုပ်သည့်ပစ္စည်းများကို စားသုံးသူပြည်သူ လူမျိုးစုံစားသုံးနိုင်အောင်လည်း (၂၀၀)ကျပ်တန်မှစတင်၍ (၂၀၀၀)ကျပ်တန်ထိထုတ်လုပ်ထားကြောင်း၊ ဈေးကွက်အနေဖြင့် မြို့နယ်တွင်းနှင့် အုတ်ဖို၊ မင်းလှ၊ စိန်ကန့်လန့်၊ ပေါင်းတည်၊ ဝက်ပုတ်၊ မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ဌာနအနေဖြင့်  ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးအတွက် MSMEs လုပ်ငန်းရှင်များ၏ လိုအပ်သည့်အကူအညီများဆောင်ရွက်ပေးနေသည့် အကြောင်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကိုပါ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)