Main menu

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ မီးသွေးဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာ မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်၊ မတ်လ ပထမပတ်နှင့် တတိယပတ် အတွင်း ဘားအံမြို့တွင် ဖြစ်ပေါ်ခဲ့သောမီးသွေး ဈေးနှုန်းများမှာ မတ်လပထမပတ် ဘားအံမြို့ နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း (၉၅၀၀) ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် (၉၅၀၀) ကျပ်၊ နောင်ဘိုးကြီး မီးသွေးတစ်အိတ်ဈေးနှုန်း (၈၅၀၀) ကျပ်နှင့် ယခုမတ်လတတိယပတ်တွင် နောင်လုံကျော့ကျေးရွာမီးသွေး တစ်အိတ်ဈေးနှုန်း (၁၁၀၀၀) ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် (၁၀၀၀၀ ၊ ၁၁၀၀၀) ကျပ်၊ နောင်ဘိုးကြီးကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း (၉၀၀၀) ကျပ်တို့ဖြင့် အများပြည်သူများ ရောင်းဝယ်အသုံးပြုလျက်ရှိပါသည်။  

    ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော မတ်လ ပထမပတ်နှင့်တတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့အတွင် မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရသည်။ ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ သယ်ယူကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)