Main menu

မင်းလှမြို့ရှိ ပဲမျိုးစုံဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၏ မတ်ပဲဈေးကွက်အခြေအနေမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၉၈၆၄၀)ကျပ်ဖြစ်သော်လည်း မတ်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် (၉၆၀၀၀)ကျပ်ဈေးနှုန်းရှိခဲ့သဖြင့် (၂၆၄၀)ကျပ်ကျဆင်းသွားကြောင်း၊ ယခုမတ်လ ဒုတိယပတ်တွင် ပဲပုတ်(၂၀)ပိဿာဝင် တစ်တင်းလျှင် (၅၇၂၇၂) ကျပ်၊  ပဲယင်း(၂၀)ပိဿာဝင် တစ်တင်းလျှင် (၆၄၆၀၀)ကျပ်ဖြင့်ဝယ်ယူလျက်ရှိကြောင်းနှင့် မင်းလှမှ ဘုရင့်နောင်ပွဲရုံသို့ တစ်ရက်ခြား (၃)စီးမှ (၄)စီးခန့်တင်ပို့နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)